Wednesday, January 25, 2012

နားလည်ပေးပါ ကောင်မလေးရယ်.......

ကောင်မလေးရေ....
ငါ့အတွက်  မဟုတ်ရင်
မပြုံပါနဲ့ လား...?
တစ်ပါးသူတွက် ပြုံးပြတယ်ဆိုရင်
ငါ့အသဲတွေ တစ်စ စီ ခြွေချလိုက်သလိုပါပဲ
ခံစားရလို့ ပါ...။
ကောင်မလေးရေ....
ငါ့အဖို့ မဟုတ်ရင်
နင့်အလှကို မခြယ်သပါနဲ့လား...?
တစ်ပါးသူတွက် ပွဲတော်တင်တယ်ဆိုရင်
ငါ့နှလုံးတွေ တစ်ခြမ်းစီ ကွဲရှသွားသလိုပါပဲ
ခံစားရလို့ ပါ......။
ကောင်မလေးရေ....
ငါနဲ့ မဟုတ်ရင်
နင်ပျော်မြူးနေတဲ့ အတွေးကမ္ဘာလေးကို
ခေတ္တခဏလောက် ရပ်ပေးလို့ ရမလား ....?
တစ်ပါးသူနဲ့ ကြည်နူးနေတယ်ဆိုရင်
ငါ့ရဲ့ နှလုံးသွေးတွေ ခန်းခြောက်သွားသလိုပါပဲ
ခံစားရလို့ ပါ.........။
ကောင်မလေးရေ...
နင်လျှောက်တဲ့  လမ်းမထက်မှာ
ငါ နဲ့ မဟုတ်ဘူးဆိုရင်
နင်ရဲ့ ခြေထောက်တွေကို ရပ်တန့် ပေးလို့ ရမလား...?
တစ်ပါးသူနဲ့  ဖြတ်လျှောက်လာတယ်ဆိုရင်
ငါ့ရင်ဘတ်တွေ ကွဲအက် သွားသလိုပါပဲ
ခံစားရလို့ ပါ......။
ကောင်မလေးရေ...
မြေမှာ ခ စေမဲ့  ဝေဒနာဗလပွနဲ့ 
ဒဏ်ရာတွေ ပေးရက်နိုင်ရဲ့ လား....?
ငါ ဆိုတဲ့အယူ
ငါဆိုတဲ့ အတ္တ မပျက်သရွေ့တော့လေ
နင်ဟာ ငါ့အတွက်
ငါဟာ နင့်အတွက်ပဲ ဖြစ်စေလို တယ်
ကောင်မလေးရယ်............။

No comments:

Post a Comment