Wednesday, January 25, 2012

နာဂစ် ငနဲ သား တယ်လဲ ကြောက်စရာကောင်းလှပါလား...

တန်ခူး လ္ဆုပ် ၁၂ ရက်ဝယ်    ( 2 . 5 .2008)
နာဂစ်မုန်တိုင်း တိုက်ခိုက်တယ်
တိုက်ခိုက်ချိန်က ညနေအစ မှာ
လေပြေလေအေး ညနေခင်းလေး
လေသံဖြူးဖြူး တလူးလူး နဲ့ 
သဘာဝ ၀န်းကျင် တခွင်ပြင်လုံး
တ၀ုန်းဝုန်းနဲ့  ဘယ်ညာယိမ်းနွဲ့ 
လောကကြီးရဲ့ အနေအထား  သြော်...တယ်လဲကြောက်စရာကောင်းလှ ပါလား။    ။
တဖြည်းဖြည်းနဲ့ 
လေသံပြင်းပြင်း ခပ်တင်းတင်း
တိုက်ခိုက်လာကာ  ညချိန်ခါမှာ
ဝုန်းဒိုင်းကျဲ၍ သစ်ပင်သစ်ကိုင်း တဘိုင်းဘိုင်းနဲ့ 
မိုးခြိမ်းသံနဲ့  အပြိုင် တိုက်ခိုက်လာပါတော့ သည်
ပြိုသော အိမ်နှင့်  ယိုင်သော သစ်ပင်ကြား
လူသံများ လာပါကယ်ပါ ဆူညံလာကာ
လောကကြီးရဲ့ အနေအထား သြော်...တယ်လဲကြောက်စရာကောင်းလှ ပါလား။    ။
တဖြည်းဖြည်းနဲ့ 
ရေကတက်လို့  နေစရာမရှိ
တိရစ္ဆာန် များရဲ့  အဖြစ်ဟာ
ရောက်တက်ရာရာ ကူးသွားကြပြီး
အဘယ်မှာကမ်း သူတို့ တက်လမ်းကို မမြင်
မှောင်မှောင် မဲမဲ ဒီကြားထဲ တသဲသဲ မိုးကမစဲ
မိုးလုံးကြီးကြီး ခပ်ပြင်းပြင်း တိုက်ခိုက်လာကာ
ကျောက်ခဲ လုံးများကျောပြင် ကိုကျရောက် သကဲ့ သို့ ...
ရေကလည်း တလကြမ်း
ခိုနားစရာ အဘယ်မှာမျှ မရှိကြ၍
လောကကြီးရဲ့ အနေအထား သြော်...တယ်လဲကြောက်စရာကောင်းလှပါလား။      ။
လေကလည်းကင်း မိုးလည်းလင်းရော
ပတ်ဝန်းကျင်တခွင် ပင်လယ်ပြင်ကြီးပမာ
ရေကဖွေးဖွေး သဘာဝရဲ့ မြင်ကွင်းကြောင့် 
ဟော့ တော့  လို့ တောင်ပြောနိုင်စရာ အင်းအား မရှိတော့ 
မိုးလင်းခါစ လေမျှတ၍
ပြန်လည်သက်ရောက် နဂို အလျှောက်မှာပဲ
ပူဆွေးသောက လူသူတို့ ရဲ့ မျက်ရည်စဟာ
နာဂစ်မုန်တိုင်းမှာ တက်တဲ့ ရေထက် အစပေါင်းများစွာ သာပါတယ်
သေသောသူများသေကြရ၍
ကြွေမွ ပျက်ဆီး ဆုံးရှုံး နစ်နာ
လူသူတို့ ရဲ့ အရာများဟာ
အဘယ်မှာ လိုက် အဖက်ဆယ်ရမလဲ?
လောကကြီးရဲ့  အနေအထား  သြော်...တယ်လဲ ကြောက်စရာကောင်းလှ ပါလား။      ။
သူကတိုက်တော့  တစ်ည
ကိုယ်ခံရတော့  တစ်ဘ၀ နဲ့ 
ဂြိုလ်ဆိုး ၀င်လာ ဟော့ဒီ ဧရာဝတီမှာ
များစွာ ဆုံးရှုံး ကိုယ် တုံးလုံးနဲ့ 
မွဲပြာခြောက်သွေ့  လူသူတို့ ရဲ့  Face ဟာ
၁ လ ၂ လ ၃ ၄လ အတွင်း
ပျောက်ပျက်မသွား နာဂစ်ငနဲသား
သြော် ...တယ်လဲကြောက်စရာကောင်းလှ ပါလား။    ။
ဒင်းကို...ကျူပ်တို့  ဧရာဝတီသားတွေ က တသက်လုံး မမေ့ဘူး ကွ...ဟွန့်  ဟွန့် 

                                     Writer/ ko lwin    ( 13 . 10 .2010  ... wed )

No comments:

Post a Comment