Wednesday, January 25, 2012

အို... အမေ

အို... အမေ
အမေတစ်ယောက် နေမှ ကောင်းရဲ့ လား အမေ...။
ရာသီတွေအလီလီပြောင်းခဲ့သော်လည်း
မနေ့ တစ်နေ့ ကလို ပါပဲ အမေ...။
အမေဆီက ထွက်လာခဲ့တဲ့ ရက် အိမ်မက်တစ်ခုလိုထင်မှားပြီး
အမေ့ ပုံရိပ်တွေကတော့ ရှင်သန်နေဆဲပါအမေ...။
အမေ့မေတ္တာရိပ်အောက်က တစ်ခဏတာ ခွဲလာခဲ့တဲ့အချိန်မှာ
အမေ့ရဲ့  ဂရုဏာ အပြုံးတွေကို မြင်ယောင်နေဆဲပါ အမေ...။
ရွာကျော်လို့ မြို့ ရောက် နိုင်ငံပါခြားလာခဲ့ပေမယ့်
အမေ့ရဲ့  ဂရုဏာ စကားသံတွေက သားငယ်ရဲ့  နားဝမှာ ဆွဲနေဆဲပါ အမေ...။
မြို့ ပြတစ်ခုရဲ့ ရင်ခွင်မှာ သားငယ်ဝင်ရောက်နားခိုနေပေမယ့်
အမေ့ ရွာလောက် မပျော်ခဲ့ပါဘူး အမေ...။
မိုးမျှော်တိုက်တွေ ခိုင်ခံ့ပြီးထည်ဝါတဲ့အဆောင်ယောင်တွေက
အမေ့ ရဲ့ တဲ အိုလောက် လုံခြုံမှုတွေ မပေးခဲ့ပါဘူး အမေ...။
ချပါတီတွေ ဘာကာတွေ ဘယ်လောက်ပဲ အရသာရှိလို့  ခွန်အားတွေ ပြည့်နေပါစေ အမေ
အမေရဲ့  ထမင်းကြမ်းခဲလောက် မမြိန်ခဲ့ပါဘူး အမေ...။
မြို့ ပြတစ်ခုရဲ့  နေရောင်ခြည် ၊ နီးယွန်းမီးတွေ ဘယ်လောက်ထိန်လင်း ၊
လမ်းပြကြယ်တွေဘယ်နှစင်းပဲ လင်းနေပါစေ
အမေ့ရဲ့ ရင်ခွင်လောက် နွေးထွေးမှုမပေးသလို
အမေ့ရဲ့ လမ်းညွှန်မှု မရှိလို့ အနာဂတ်ဟာ မဲမှောင်နေဆဲပါ အမေ...။
မှနေကျမြောက်များစွာ စကားထဲက
ဘယ်တော့မှ မငိုနဲ့ ဆိုတဲ့ အမေ့ရဲ့ စကားတစ်ခွန်းက
သားအတွက်ခွန်အားတွေဖြစ်စေလို့ ကျလုလုမျက်ရည်တွေကို မြိုသိပ်
လောကဓံရဲ့ မုန်တိုင်း အခါးသီးတွေကို ခါးစည်းရင်း
ဘ၀ရဲ့ လှေကို အားမာန်အပြည့်နဲ့  လှော်ခက်နေဆဲပါ  အမေ...။
တစ်ကျော့ပြန်ပြည်ဆိုက်လို့  ဒီဒိုက်ဘ၀ကလွတ်လာခဲ့ရင်
အိမ်အပြန်တံခါးဖွင့်ပြီး ကြိုနေမဲ့ သူကို ရှာကြည့်မိတော့
အမေနဲ့  အမေရဲ့  တဲအိုလေးက သားအတွက်ပဲဆိုတာ
ယုံပါတယ် အမေရယ်........။

No comments:

Post a Comment