ဒို့ တာဝန်အရေး (၃ ) ပါး
(၁) ထာဝရ အထီးမကျန်ရေး ဒို့ အရေး ။
(၂) ချစ်သူရှောင်ပြေး အမုန်းမပေးရေး ဒို့ အရေး ။
(၃) နောက်တစ်ကြိမ် အသဲထပ်မကွဲရေး ဒို့ အရေး ။
" ချစ်သူ့ သဘောထား "
(၁) ထာဝရအားကိုး ဒီအချစ်မျိုး အဆိုးမြင်ပတ်ဝန်းကျင်များ အား ဆန့် ကျင်ကြ။
(၂) ရင်ခွင်တော် တည်ငြိမ်ရေး နဲ့  ရေရှည်တည်တံ့မင်းအတွက်ကို နှောက်ယှက်ဖျက်ဆီးသူများအား ဆန့် ကျင်ကြ။
(၃) နှစ်ကိုယ်တူချစ်ခရီးကို ၀င်ရောက် စွက်ဖက် နှောက်ယှက်သော မိဘ မိတ်ဆွေ အပေါင်းအသင်း ညီအကို ဆန့် ကျင်ကြ။
မောင်နှ များအား
(၄) ကြားလူဝင်ခုတ် ဤအမျိုးယုတ်ကို ထာဝရ မိတ်ဆွေမှ ခွါထုတ်ကြ ။
" ရှင်သန်ရေး ဦးတည်ချက် (၄ ) ရပ်
(၁) ရင်ခွင်တော် တည်ငြိမ်ရေး , နှလုံးသား အသစ်အစားမထိုးရေး နှင့်  မကြာခဏ တွေ့ ဆုံပေးရေး ။
(၂) နှစ်ဦးသား အပေါ်သစ္စာ ရှိရေး။
(၃) ချစ်သူ အကြိုက် အလိုက်ဆောင်ရွက်ပေးရေး
(၄) ဖြစ်ပေါ်လာသော အခက်အခဲ ပြဿနာများနှင့် အညီ အတူတကွ ညှိနှိုင်း တိုင်ပင်ဝေဖန် ဆုံးဖြတ်ရေး။
" နှလုံးသား ရေး ဦးတည်ချက် (၄) ရပ်
(၁) သူငယ်ချင်း ဘ၀ကိုအခြေခံ၍ အခြားနှလုံးသားရေး ဏ္ဍများကိုလည်း လစ်လျူမရှုပဲ ထာဝရလက်ခံပေးရေး။
(၂) ရင်ခွင်မှ နှလုံးသားစစ်စစ် ဖြစ်ပေါ်လာရေး။
(၃) နှလုံးသားမှ သံယောဇဉ် နှင့်  ချစ်ခြင်းမေတ္တာ များကို ပေါင်းစပ်၍ ခိုင်မြဲတဲ့ ဘ၀ဖြစ်အောင်တည်ဆောက်ရေး။
(၄) ရင်ခုန်သံ ထာဝရ ငြိမ်းချမ်းရေးကိုဖန်တီး နိုင်မယ့် သူသည် သူငယ်ချင်း ဘ၀နဲ့  အခြားရင်ခုန်မူ ဏ္ဍတို့ ၏ လက်ဝယ်တွင်ရှိရေး။
" နှစ်ဦးသား လိုက်နာဖို့  ဦးတည်ချက် (၄ ) ရပ်
(၁) နှလုံးသား တစ်ခု၏ ချစ်ခြင်းမေတ္တာ နှင့်  ရင်ခုန်မူ စစ်မှန်ရေး။
(၂) အချစ်ဂုဏ် တွယ်တာမူဂုဏ် ခိုင်မာရေးနှင့်  ထာဝရ လက်တွဲဖော်အဖြစ်မျ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့် ရှောက်ရေး။
(၃) အချစ်စိတ်ရှင်သန် ထက်မြက်ရေး။
(၄) တစ်ဘ၀လုံး သစ္စာ ရှိရေး နှင့်  မဖောက်ပြန်ရေး။
ပုံ.....မျောက်ကလေး

No comments:
Post a Comment