ငါ့ရင်ကို တစ်စ စီခြွေ
ငါ့အသဲကို ပန်းသဖွယ်
မင်းဦးထိပ်မှာ ဆင်းမြန်းချင်သပ ဆိုရင်....
အဆင်လှတဲ့ မင်းရဲ့ ကေသာထက်မှာ
အသွင်ကျစေမဲ့ ငါ့အသဲနှလုံးကို
ပန်းတစ်ပွင့်စာအဖြစ် လိုအပ်မယ်ဆိုရင်...
ငါကိုယ်တိုင် ဖြတ်တောက်ပေးနိုင်ပါတယ် ချစ်သူရယ်......
အသည်းပန်းမို့ မလွမ်းသာလို့ 
မင်းအတွက် ပန်းတစ်ခင်းစာ ထက်တွေ့ ခဲ့ရင်....
ဆက်လျှောက်လာတဲ့ မင်းရဲ့  လမ်းမထက်မှာ...
ငါ့အသဲကို တစ်စစီခြွေ
မြေမှာခစေမဲ့ ငါ့သသည်းပန်းကို ...
မင်းရဲ့  ဘယ်ညာခြေဖ၀ါးအောက်မှာ
နင်းချေသွားအုံးမယ်ဆိုရင်တောင်...
ကျေနပ်စွာနဲ့ ပြုံးပန်းဆင်နေမှာပါ ချစ်သူရယ်....
မျောက်ကလေး

No comments:
Post a Comment