* အထင်မလွဲပ်ါနဲ့  ချစ်သူ
ရင်ထဲကို ခဏ ၀င်ကြည့်ပါ
အတုယောင်တွေ ဟာ လိမ်ညာခြင်းတွေနဲ့  ဖုံးလွှမ်းနေတတ်တယ်....။
* ငါ့ရင်ထဲမှာ မာယာတွေနဲ့  လှည့်စားဖို့ 
မင်းကို စတင်ခဲ့တာ မဟုတ်ခဲ့ ဘူး...။
* ခုတော့ ငါ့အပေါ်...
အပြုံးနဲ့  စခဲ့ပြီး
အဆုံးမှာ အမုန်းသက်သက်တွေနဲ့  ထားခဲ့တယ်နော်...
* ငါ့ရဲ့ နှလုံးသား တစ်ဖက်ခြမ်းမှာ
အရှုံးသမားရယ်လို့ တောင်
ကဗ္ဖည်းထိုးရတော့မလား မသိဘူး...
* အကြင်နာကို လက်ဖြုတ်
ရင်ခွင်ကနေ ထိုးထုတ်ပြီး
အသည်းဒဏ်ရာ အလွမ်းစာတွေနဲ့  အတူ
ခိုလှုံခဲ့ဖူးတဲ့ ရင်ခွင်ဟောင်းမှာ
ကျန်နေခဲ့တဲ့ အငွေ့ သက်တွေနဲ့  ပဲ
တစ်သတ်တာ စွန့် ခွါရစ်ခဲ့ပြီး
မင်းရဲ့  တစ်ဖက်ခြမ်းမှာပဲ
ငါ့ကို ထားခဲ့တော့မှာလား ...?
* မင်းအတွက် ကျခဲ့တဲ့ မျက်ရည်တစ်စက်က
သွေးစက်များစွာဖြစ်နေပါစေ
နင် ကျေနပ်လို့  ထားခဲ့မယ်ဆိုရင်
မင်းရဲ့  တစ်ဖက်ခြမ်းကနေ
တန်ရာက ပဲပြုံးနေပါ့မယ်...။
* ပြန်လာခဲ့ပါလို့  မတိုက်တွန်းချင်တော့ပေမဲ့
မင်းအတွက် ငါ့ရင်ထဲမှာ
တစ်နေရာ စာတော့ ကျန်နေဆဲပါ ချစ်သူရယ်....။
မျောက်ကလေး
ရင်ထဲကို ခဏ ၀င်ကြည့်ပါ
အတုယောင်တွေ ဟာ လိမ်ညာခြင်းတွေနဲ့  ဖုံးလွှမ်းနေတတ်တယ်....။
* ငါ့ရင်ထဲမှာ မာယာတွေနဲ့  လှည့်စားဖို့ 
မင်းကို စတင်ခဲ့တာ မဟုတ်ခဲ့ ဘူး...။
* ခုတော့ ငါ့အပေါ်...
အပြုံးနဲ့  စခဲ့ပြီး
အဆုံးမှာ အမုန်းသက်သက်တွေနဲ့  ထားခဲ့တယ်နော်...
* ငါ့ရဲ့ နှလုံးသား တစ်ဖက်ခြမ်းမှာ
အရှုံးသမားရယ်လို့ တောင်
ကဗ္ဖည်းထိုးရတော့မလား မသိဘူး...
* အကြင်နာကို လက်ဖြုတ်
ရင်ခွင်ကနေ ထိုးထုတ်ပြီး
အသည်းဒဏ်ရာ အလွမ်းစာတွေနဲ့  အတူ
ခိုလှုံခဲ့ဖူးတဲ့ ရင်ခွင်ဟောင်းမှာ
ကျန်နေခဲ့တဲ့ အငွေ့ သက်တွေနဲ့  ပဲ
တစ်သတ်တာ စွန့် ခွါရစ်ခဲ့ပြီး
မင်းရဲ့  တစ်ဖက်ခြမ်းမှာပဲ
ငါ့ကို ထားခဲ့တော့မှာလား ...?
* မင်းအတွက် ကျခဲ့တဲ့ မျက်ရည်တစ်စက်က
သွေးစက်များစွာဖြစ်နေပါစေ
နင် ကျေနပ်လို့  ထားခဲ့မယ်ဆိုရင်
မင်းရဲ့  တစ်ဖက်ခြမ်းကနေ
တန်ရာက ပဲပြုံးနေပါ့မယ်...။
* ပြန်လာခဲ့ပါလို့  မတိုက်တွန်းချင်တော့ပေမဲ့
မင်းအတွက် ငါ့ရင်ထဲမှာ
တစ်နေရာ စာတော့ ကျန်နေဆဲပါ ချစ်သူရယ်....။
မျောက်ကလေး
No comments:
Post a Comment