Friday, January 20, 2012

တို့ တော အလှ

   ရွာဦးကျောင်းက အုန်းမောင်းခေါက်သံ.....
( တောက်...တောက်...တောက်...တောက် )
 နံနက်စောစော ရွာဦးကျောင်းက အုန်းမောင်းခေါက်သံ နဲ့ ကြေးစည်သံတို့ က
ကာလ အပိုင်းခြား ကန့် သတ်မထားဘဲ
တောင်သူဦးကြီး သူ့ ဇနီးနဲ့ 
မြစ်ထဲ ချောင်းထဲ လယ်တောထဲမှာ ၀မ်းစာရှာသူ...
ဈေးချို ဈေးသည် တံငါသည်ပါမကျန်
လုပ်ငန်းခွင်ကို ၀င်ဖို့ ရန် အချက်ပေးသံက
ရွာဦးကျောင်းက အုန်းမောင်းသံ နဲ့ ကြေးစည်သံတို့ က
လှုံ့ ဆော်ပေးနေကျ ပါ....။    ။
နေ၀န်းနီနီ အရှေ့ ဝန်းဆီမှ
ရွှေရောက်လိုတောက်ပ ၀င်းပပနဲ့ 
ခွဲဖြာကျလာ တို့ တောတန်းရဲ့  တစ်ထောင့်တစ်နေရာစီမှာ.....။   ။
ထိုချိန်ကစပြီး....
တောဓလေ့  နေ့ တစ်နေ့ ရဲ့  ကြိုးပမ်းမှု့ နဲ့  ကြည်နူးဖွယ်ရာ...
အာရုံနံနက် အရောက်ထွက်လို့ 
ကြက်ဖတွန်ကြူး ပျော်ရွှင်မြူး၍
အော်ကာတီတွတ် တအွတ်အွတ်နဲ့ 
စုပေါင်းတေးဆို ဌက်မျိုးစုံတို့ 
နေရာမျိုးစုံ အဖုံဖုံ
မြူးတူးပျံဝဲ တသဲသဲ။     ။
တမာမကျီး သရက်သီနဲ့ 
အုန်းထန်းကုက္ကို ပင်မျိုးစုံတို့ 
လေသံဖြူးဖြူး တလူးလူးနဲ့ 
ငြိမ်းညောင်းသာယာ တို့ မြန်မာပြည်မှာ
စိုပြည် စိမ်းလန်း တို့ တောတန်းပဲ။    ။
စိမ့်စမ်းရေချို မြစ်မျိုးစုံမှ
ခွဲဖြာဝေဆင်း မြစ်ချောင်းအင်းကြား
လှေငယ်သဘောင်္ တသောသောနဲ့ 
သွားလာလှုပ်ရှား လူအများတို့ 
လယ်ယာရှု့ ခင်း ရှု့ မငြီးနိုင်တဲ့ 
တို့ များဌာနေ မွေးရပ်မြေကို
နှစ်ရှည်လများ ဝေးကွာသော်ငြား
ရင်မှာမမေ့  တို့ တောဓလေ့ကို
သာယာလှပ သဘာဝက ပေးစွမ်းဂုဏ်ရည်
တို့ တောမှာပဲ တည်။   ။
ဧရာဝတီ ဆည်းဆာပန်းချီ။     ။




မျောက်ကလေး

No comments:

Post a Comment