Saturday, January 28, 2012
အို...အမေ (ခ) မငိုပါနဲ့  အမေ
အမေ
နေ ကောင်း ရဲ့ လား အမေ ...
အမေ့  ရင်ခွင်ကနေ ခွဲခွါလာခဲ့တာ
ရာသီတွေ အလီလီပြောင်းလို့ 
နှစ်တွေ ထိတောင် အတော်ညောင်းလာခဲ့ ပါလား အမေ...
ခုချိန်လောက်ဆို
သားပြန်လာဖို့ လက်ရေ  ချိုးလို့ 
ရွာဦးစေတီလေးမှာ သားအဆင်ပြေဖို့ ပါ
အမေ နေ့ စဉ် ဆုတောင်း နေရှာရော လောက်ပေါ့နော်...
သားကို လွမ်းလို့ 
အမေ့ မျက်ရည်တော့ မကြွေလိုက်ပါနဲ့  အမေ....
မိဘ မျက်ရည်တစ်စက်က
သား သ္မီး ဘ၀ တစ်သက်မို့ 
အမေ့ အတွက် သားလိမ္မာလေး ပဲ ဖြစ်ချင်လို့ ပါ  အမေ...
အမေနဲ့ ဝေးကွာတော့မှ
ပုခက်လွှဲသော လက်နဲ့ 
အမေ ချော့တိတ်တဲ့ 
" အို...အေး..အေး .... "
သားချော့ တေးလေးကို လွမ်းမိလို့
အမေ့  ရင်ခွင်မှာ မှေးစက်
အိပ်လျှက် ကလေး နားခိုဖို့ ကို
အကြိမ်ကြိမ် တမ်းတ မိပြန်ပါတယ် အမေ...
အမေ့ ရဲ့ ရင်ခွင်ကနေ ခွဲခွါလာခဲ့ပေမဲ့
တစ်နေ့ မှ မပျော်ခဲ့ပါဘူး အမေ
ဘ၀ရှေ့ ရေးမို့  မျှော်တွေးလို့ 
အဝေးမှာ သားရောက်နေပမဲ့
အမေ့ ရဲ့  ကျေးဇူးတရားတွေကို
အဝေးကနေ ဆက်နိုင်အောင် ကြိုးစားရင်း
အမေ့ ရင်ခွင်ဆီကို တစ်နေ့  ပြန်လာခဲ့မှာပါ အမေ ရယ်...နော်...
အာရပ်ဗီ မလေးတွေ ရဲ့  ဘဝ
ပူပူပြင်းပြင်း  UAE အတွင်း
 အများရယ်သိ Dubai  beach ရယ်ဟု
 ထို နိုင်ငံရှိ အာရပ်ဗီ မလေးတို့ ရဲ့  အဖြစ်
 သြော် , တယ်လဲ သနားစရာ ကောင်းလှပါလား...?
 သူရဲ့ အလှ လူမမြင်ရအောင်
 မျက်နှာကိုဖုန်း တစ်ကိုယ်လုံး
 နေကပူပူ အ၀တ်ထူထူနဲ့ 
 အ၀တ်မည်းမည်း နောက်တွဲလွဲဖြင့်
 ရှက်တိုက်လျှောက်လာ သူ့ ခနွာဟာ
 အို..............,
 သူ့ ကို မမြင် သူကမြင်အောင်
 ပတ်ဝန်းကျင်ကို ဘာထင်နေလဲ မသိ....။
 ပြောတဲ့  စကားလေးလုံးမကွဲ  ဘလုံးဘလဲ
 ရေငုံ ပြီး စကားပြောသလို အဖြစ်
 ရေးသောစာဟာ ဆန့် ကျင်ဘက်ပါ
အဘယ်မှာ လာနားလည်ပါ့မလဲ...?
 စီးတဲ့  ကားကတော့ ကားကောင်း
 နေတော့ ကန္တာရ....
 စားတော့ ချပါတီ....
 သြော်....သူတို့ လေးတွေ ရဲ့ အသားအရေ ဟာ
 ဘာနဲ့ ပြင်ပြင် မထင်ပါဘူး....
 ဘာကောင်းသေးလဲ....?
 ဘာမှ မကောင်းဘူး....။   
Wednesday, January 25, 2012
နာဂစ် ငနဲ သား တယ်လဲ ကြောက်စရာကောင်းလှပါလား...
တန်ခူး လ္ဆုပ် ၁၂ ရက်ဝယ်    ( 2 . 5 .2008)
နာဂစ်မုန်တိုင်း တိုက်ခိုက်တယ်
တိုက်ခိုက်ချိန်က ညနေအစ မှာ
လေပြေလေအေး ညနေခင်းလေး
လေသံဖြူးဖြူး တလူးလူး နဲ့ 
သဘာဝ ၀န်းကျင် တခွင်ပြင်လုံး
တ၀ုန်းဝုန်းနဲ့  ဘယ်ညာယိမ်းနွဲ့ 
လောကကြီးရဲ့ အနေအထား  သြော်...တယ်လဲကြောက်စရာကောင်းလှ ပါလား။    ။
တဖြည်းဖြည်းနဲ့ 
လေသံပြင်းပြင်း ခပ်တင်းတင်း
တိုက်ခိုက်လာကာ  ညချိန်ခါမှာ
ဝုန်းဒိုင်းကျဲ၍ သစ်ပင်သစ်ကိုင်း တဘိုင်းဘိုင်းနဲ့ 
မိုးခြိမ်းသံနဲ့  အပြိုင် တိုက်ခိုက်လာပါတော့ သည်
ပြိုသော အိမ်နှင့်  ယိုင်သော သစ်ပင်ကြား
လူသံများ လာပါကယ်ပါ ဆူညံလာကာ
လောကကြီးရဲ့ အနေအထား သြော်...တယ်လဲကြောက်စရာကောင်းလှ ပါလား။    ။
တဖြည်းဖြည်းနဲ့ 
ရေကတက်လို့  နေစရာမရှိ
တိရစ္ဆာန် များရဲ့  အဖြစ်ဟာ
ရောက်တက်ရာရာ ကူးသွားကြပြီး
အဘယ်မှာကမ်း သူတို့ တက်လမ်းကို မမြင်
မှောင်မှောင် မဲမဲ ဒီကြားထဲ တသဲသဲ မိုးကမစဲ
မိုးလုံးကြီးကြီး ခပ်ပြင်းပြင်း တိုက်ခိုက်လာကာ
ကျောက်ခဲ လုံးများကျောပြင် ကိုကျရောက် သကဲ့ သို့ ...
ရေကလည်း တလကြမ်း
ခိုနားစရာ အဘယ်မှာမျှ မရှိကြ၍
လောကကြီးရဲ့ အနေအထား သြော်...တယ်လဲကြောက်စရာကောင်းလှပါလား။      ။
လေကလည်းကင်း မိုးလည်းလင်းရော
ပတ်ဝန်းကျင်တခွင် ပင်လယ်ပြင်ကြီးပမာ
ရေကဖွေးဖွေး သဘာဝရဲ့ မြင်ကွင်းကြောင့် 
ဟော့ တော့  လို့ တောင်ပြောနိုင်စရာ အင်းအား မရှိတော့ 
မိုးလင်းခါစ လေမျှတ၍
ပြန်လည်သက်ရောက် နဂို အလျှောက်မှာပဲ
ပူဆွေးသောက လူသူတို့ ရဲ့ မျက်ရည်စဟာ
နာဂစ်မုန်တိုင်းမှာ တက်တဲ့ ရေထက် အစပေါင်းများစွာ သာပါတယ်
သေသောသူများသေကြရ၍
ကြွေမွ ပျက်ဆီး ဆုံးရှုံး နစ်နာ
လူသူတို့ ရဲ့ အရာများဟာ
အဘယ်မှာ လိုက် အဖက်ဆယ်ရမလဲ?
လောကကြီးရဲ့  အနေအထား  သြော်...တယ်လဲ ကြောက်စရာကောင်းလှ ပါလား။      ။
သူကတိုက်တော့  တစ်ည
ကိုယ်ခံရတော့  တစ်ဘ၀ နဲ့ 
ဂြိုလ်ဆိုး ၀င်လာ ဟော့ဒီ ဧရာဝတီမှာ
များစွာ ဆုံးရှုံး ကိုယ် တုံးလုံးနဲ့ 
မွဲပြာခြောက်သွေ့  လူသူတို့ ရဲ့  Face ဟာ
၁ လ ၂ လ ၃ ၄လ အတွင်း
ပျောက်ပျက်မသွား နာဂစ်ငနဲသား
သြော် ...တယ်လဲကြောက်စရာကောင်းလှ ပါလား။    ။
ဒင်းကို...ကျူပ်တို့  ဧရာဝတီသားတွေ က တသက်လုံး မမေ့ဘူး ကွ...ဟွန့်  ဟွန့် 
                                     Writer/ ko lwin    ( 13 . 10 .2010  ... wed )
နားလည်ပေးပါ ကောင်မလေးရယ်.......
ကောင်မလေးရေ....
ငါ့အတွက်  မဟုတ်ရင်
မပြုံပါနဲ့ လား...?
တစ်ပါးသူတွက် ပြုံးပြတယ်ဆိုရင်
ငါ့အသဲတွေ တစ်စ စီ ခြွေချလိုက်သလိုပါပဲ
ခံစားရလို့ ပါ...။
ကောင်မလေးရေ....
ငါ့အဖို့ မဟုတ်ရင်
နင့်အလှကို မခြယ်သပါနဲ့လား...?
တစ်ပါးသူတွက် ပွဲတော်တင်တယ်ဆိုရင်
ငါ့နှလုံးတွေ တစ်ခြမ်းစီ ကွဲရှသွားသလိုပါပဲ
ခံစားရလို့ ပါ......။
ကောင်မလေးရေ....
ငါနဲ့ မဟုတ်ရင်
နင်ပျော်မြူးနေတဲ့ အတွေးကမ္ဘာလေးကို
ခေတ္တခဏလောက် ရပ်ပေးလို့ ရမလား ....?
တစ်ပါးသူနဲ့ ကြည်နူးနေတယ်ဆိုရင်
ငါ့ရဲ့ နှလုံးသွေးတွေ ခန်းခြောက်သွားသလိုပါပဲ
ခံစားရလို့ ပါ.........။
ကောင်မလေးရေ...
နင်လျှောက်တဲ့  လမ်းမထက်မှာ
ငါ နဲ့ မဟုတ်ဘူးဆိုရင်
နင်ရဲ့ ခြေထောက်တွေကို ရပ်တန့် ပေးလို့ ရမလား...?
တစ်ပါးသူနဲ့  ဖြတ်လျှောက်လာတယ်ဆိုရင်
ငါ့ရင်ဘတ်တွေ ကွဲအက် သွားသလိုပါပဲ
ခံစားရလို့ ပါ......။
ကောင်မလေးရေ...
မြေမှာ ခ စေမဲ့  ဝေဒနာဗလပွနဲ့ 
ဒဏ်ရာတွေ ပေးရက်နိုင်ရဲ့ လား....?
ငါ ဆိုတဲ့အယူ
ငါဆိုတဲ့ အတ္တ မပျက်သရွေ့တော့လေ
နင်ဟာ ငါ့အတွက်
ငါဟာ နင့်အတွက်ပဲ ဖြစ်စေလို တယ်
ကောင်မလေးရယ်............။
အို... အမေ
အို... အမေ
အမေတစ်ယောက် နေမှ ကောင်းရဲ့ လား အမေ...။
ရာသီတွေအလီလီပြောင်းခဲ့သော်လည်း
မနေ့ တစ်နေ့ ကလို ပါပဲ အမေ...။
အမေဆီက ထွက်လာခဲ့တဲ့ ရက် အိမ်မက်တစ်ခုလိုထင်မှားပြီး
အမေ့ ပုံရိပ်တွေကတော့ ရှင်သန်နေဆဲပါအမေ...။
အမေ့မေတ္တာရိပ်အောက်က တစ်ခဏတာ ခွဲလာခဲ့တဲ့အချိန်မှာ
အမေ့ရဲ့  ဂရုဏာ အပြုံးတွေကို မြင်ယောင်နေဆဲပါ အမေ...။
ရွာကျော်လို့ မြို့ ရောက် နိုင်ငံပါခြားလာခဲ့ပေမယ့်
အမေ့ရဲ့  ဂရုဏာ စကားသံတွေက သားငယ်ရဲ့  နားဝမှာ ဆွဲနေဆဲပါ အမေ...။
မြို့ ပြတစ်ခုရဲ့ ရင်ခွင်မှာ သားငယ်ဝင်ရောက်နားခိုနေပေမယ့်
အမေ့ ရွာလောက် မပျော်ခဲ့ပါဘူး အမေ...။
မိုးမျှော်တိုက်တွေ ခိုင်ခံ့ပြီးထည်ဝါတဲ့အဆောင်ယောင်တွေက
အမေ့ ရဲ့ တဲ အိုလောက် လုံခြုံမှုတွေ မပေးခဲ့ပါဘူး အမေ...။
ချပါတီတွေ ဘာကာတွေ ဘယ်လောက်ပဲ အရသာရှိလို့  ခွန်အားတွေ ပြည့်နေပါစေ အမေ
အမေရဲ့  ထမင်းကြမ်းခဲလောက် မမြိန်ခဲ့ပါဘူး အမေ...။
မြို့ ပြတစ်ခုရဲ့  နေရောင်ခြည် ၊ နီးယွန်းမီးတွေ ဘယ်လောက်ထိန်လင်း ၊
လမ်းပြကြယ်တွေဘယ်နှစင်းပဲ လင်းနေပါစေ
အမေ့ရဲ့ ရင်ခွင်လောက် နွေးထွေးမှုမပေးသလို
အမေ့ရဲ့ လမ်းညွှန်မှု မရှိလို့ အနာဂတ်ဟာ မဲမှောင်နေဆဲပါ အမေ...။
မှနေကျမြောက်များစွာ စကားထဲက
ဘယ်တော့မှ မငိုနဲ့ ဆိုတဲ့ အမေ့ရဲ့ စကားတစ်ခွန်းက
သားအတွက်ခွန်အားတွေဖြစ်စေလို့ ကျလုလုမျက်ရည်တွေကို မြိုသိပ်
လောကဓံရဲ့ မုန်တိုင်း အခါးသီးတွေကို ခါးစည်းရင်း
ဘ၀ရဲ့ လှေကို အားမာန်အပြည့်နဲ့  လှော်ခက်နေဆဲပါ  အမေ...။
တစ်ကျော့ပြန်ပြည်ဆိုက်လို့  ဒီဒိုက်ဘ၀ကလွတ်လာခဲ့ရင်
အိမ်အပြန်တံခါးဖွင့်ပြီး ကြိုနေမဲ့ သူကို ရှာကြည့်မိတော့
အမေနဲ့  အမေရဲ့  တဲအိုလေးက သားအတွက်ပဲဆိုတာ
ယုံပါတယ် အမေရယ်........။
Tuesday, January 24, 2012
ထို့ ကြောင့် မင်းကို ချစ်တာပါ...
 ! HI,LOVER !
   Good Morning
ထတော့ မောင်ရယ်...
မိုးလင်းနေပြီကွယ့်
သာယာတဲ့ မနက်ခင်းလေးကို  ကြိုဆိုကြမယ်လေ...။
Good Afternoon
မွန်းလွဲနေပြီ မောင်ရယ်...
ခုထိ ထ္မင်းမစား ရသေးဘုးလား ?
နောက်ဆို ထ္မင်းစားပြီးမှ ကျန်တာ လုပ်နော်
အစာလွန်ပြီး ရောဂါရလိမ့်မယ်ကွယ့်...။
Good Evening
နေညိုနေပြီ မောင်ရေ...
အလုပ်လုပ်ရတာ ပင်ပန်းနေပြီလား
နေရာတကာမှာ စေတနာထားပါနော်...။
Good Night
အနားယူပါတော့ မောင်ရယ်...
စိတ်ညစ်စရာတွေ ထားခဲ့ပြီး
ငြိမ်းချမ်းစွာ အိပ်စက်လှည့်ပါတော့
ပြီးပြည့်စုံတဲ့ ဘ၀တစ်ခု
အိမ်မက်ထဲမှာရှိတယ်လေ
အိပ်တော့နော်   မောင်...!
                                    မောင့် ကို ချစ်တယ်...
Monday, January 23, 2012
နင်းခြွေရက်နိုင်ပါတယ်...
ငါ့ရင်ကို တစ်စ စီခြွေ
ငါ့အသဲကို ပန်းသဖွယ်
မင်းဦးထိပ်မှာ ဆင်းမြန်းချင်သပ ဆိုရင်....
အဆင်လှတဲ့ မင်းရဲ့ ကေသာထက်မှာ
အသွင်ကျစေမဲ့ ငါ့အသဲနှလုံးကို
ပန်းတစ်ပွင့်စာအဖြစ် လိုအပ်မယ်ဆိုရင်...
ငါကိုယ်တိုင် ဖြတ်တောက်ပေးနိုင်ပါတယ်  ချစ်သူရယ်......
အသည်းပန်းမို့ မလွမ်းသာလို့ 
မင်းအတွက် ပန်းတစ်ခင်းစာ ထက်တွေ့ ခဲ့ရင်....
ဆက်လျှောက်လာတဲ့ မင်းရဲ့  လမ်းမထက်မှာ...
ငါ့အသဲကို တစ်စစီခြွေ
မြေမှာခစေမဲ့ ငါ့သသည်းပန်းကို ...
မင်းရဲ့  ဘယ်ညာခြေဖ၀ါးအောက်မှာ
နင်းချေသွားအုံးမယ်ဆိုရင်တောင်...
ကျေနပ်စွာနဲ့ ပြုံးပန်းဆင်နေမှာပါ ချစ်သူရယ်....
                                           မျောက်ကလေး
Saturday, January 21, 2012
ချစ်ခြင်း တစ်ခု၏ ဥပဒေသစ်
  ဒို့ တာဝန်အရေး  (၃ ) ပါး
(၁)         ထာဝရ အထီးမကျန်ရေး                                                    ဒို့ အရေး ။
(၂)         ချစ်သူရှောင်ပြေး အမုန်းမပေးရေး                                       ဒို့ အရေး ။
(၃)        နောက်တစ်ကြိမ် အသဲထပ်မကွဲရေး                                     ဒို့ အရေး  ။
                      " ချစ်သူ့ သဘောထား "
(၁)       ထာဝရအားကိုး ဒီအချစ်မျိုး အဆိုးမြင်ပတ်ဝန်းကျင်များ အား                                                                   ဆန့် ကျင်ကြ။
(၂)      ရင်ခွင်တော် တည်ငြိမ်ရေး နဲ့  ရေရှည်တည်တံ့မင်းအတွက်ကို နှောက်ယှက်ဖျက်ဆီးသူများအား                   ဆန့် ကျင်ကြ။
(၃)      နှစ်ကိုယ်တူချစ်ခရီးကို ၀င်ရောက် စွက်ဖက် နှောက်ယှက်သော မိဘ မိတ်ဆွေ အပေါင်းအသင်း ညီအကို      ဆန့် ကျင်ကြ။
          မောင်နှ များအား
(၄)      ကြားလူဝင်ခုတ် ဤအမျိုးယုတ်ကို ထာဝရ မိတ်ဆွေမှ ခွါထုတ်ကြ ။
                    "  ရှင်သန်ရေး ဦးတည်ချက် (၄ ) ရပ်
(၁)     ရင်ခွင်တော် တည်ငြိမ်ရေး , နှလုံးသား အသစ်အစားမထိုးရေး နှင့်  မကြာခဏ တွေ့ ဆုံပေးရေး ။
(၂)     နှစ်ဦးသား အပေါ်သစ္စာ ရှိရေး။
(၃)     ချစ်သူ အကြိုက် အလိုက်ဆောင်ရွက်ပေးရေး
(၄)     ဖြစ်ပေါ်လာသော အခက်အခဲ ပြဿနာများနှင့် အညီ အတူတကွ ညှိနှိုင်း တိုင်ပင်ဝေဖန် ဆုံးဖြတ်ရေး။
                   "  နှလုံးသား ရေး ဦးတည်ချက်  (၄) ရပ်
(၁)     သူငယ်ချင်း ဘ၀ကိုအခြေခံ၍ အခြားနှလုံးသားရေး ဏ္ဍများကိုလည်း လစ်လျူမရှုပဲ ထာဝရလက်ခံပေးရေး။
(၂)     ရင်ခွင်မှ နှလုံးသားစစ်စစ် ဖြစ်ပေါ်လာရေး။
(၃)     နှလုံးသားမှ သံယောဇဉ် နှင့်  ချစ်ခြင်းမေတ္တာ များကို ပေါင်းစပ်၍ ခိုင်မြဲတဲ့ ဘ၀ဖြစ်အောင်တည်ဆောက်ရေး။
(၄)    ရင်ခုန်သံ ထာဝရ ငြိမ်းချမ်းရေးကိုဖန်တီး နိုင်မယ့် သူသည် သူငယ်ချင်း ဘ၀နဲ့  အခြားရင်ခုန်မူ ဏ္ဍတို့ ၏ လက်ဝယ်တွင်ရှိရေး။
                  "  နှစ်ဦးသား လိုက်နာဖို့  ဦးတည်ချက် (၄ ) ရပ်
(၁)    နှလုံးသား တစ်ခု၏ ချစ်ခြင်းမေတ္တာ နှင့်  ရင်ခုန်မူ စစ်မှန်ရေး။
(၂)    အချစ်ဂုဏ် တွယ်တာမူဂုဏ် ခိုင်မာရေးနှင့်  ထာဝရ လက်တွဲဖော်အဖြစ်မျ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့် ရှောက်ရေး။
(၃)   အချစ်စိတ်ရှင်သန် ထက်မြက်ရေး။
(၄)   တစ်ဘ၀လုံး သစ္စာ ရှိရေး နှင့်  မဖောက်ပြန်ရေး။
                                   ပုံ.....မျောက်ကလေး
နင် ကျေနပ်ပါစေ
*        အထင်မလွဲပ်ါနဲ့  ချစ်သူ
         ရင်ထဲကို ခဏ ၀င်ကြည့်ပါ
         အတုယောင်တွေ ဟာ လိမ်ညာခြင်းတွေနဲ့  ဖုံးလွှမ်းနေတတ်တယ်....။
*       ငါ့ရင်ထဲမှာ မာယာတွေနဲ့  လှည့်စားဖို့ 
         မင်းကို စတင်ခဲ့တာ မဟုတ်ခဲ့ ဘူး...။
*       ခုတော့ ငါ့အပေါ်...
         အပြုံးနဲ့  စခဲ့ပြီး
         အဆုံးမှာ အမုန်းသက်သက်တွေနဲ့  ထားခဲ့တယ်နော်...
*      ငါ့ရဲ့ နှလုံးသား တစ်ဖက်ခြမ်းမှာ
        အရှုံးသမားရယ်လို့ တောင်
        ကဗ္ဖည်းထိုးရတော့မလား မသိဘူး...
*       အကြင်နာကို လက်ဖြုတ်
        ရင်ခွင်ကနေ ထိုးထုတ်ပြီး
         အသည်းဒဏ်ရာ အလွမ်းစာတွေနဲ့  အတူ
         ခိုလှုံခဲ့ဖူးတဲ့ ရင်ခွင်ဟောင်းမှာ
         ကျန်နေခဲ့တဲ့ အငွေ့ သက်တွေနဲ့  ပဲ
         တစ်သတ်တာ စွန့် ခွါရစ်ခဲ့ပြီး
        မင်းရဲ့  တစ်ဖက်ခြမ်းမှာပဲ
        ငါ့ကို ထားခဲ့တော့မှာလား ...?
*       မင်းအတွက် ကျခဲ့တဲ့ မျက်ရည်တစ်စက်က
         သွေးစက်များစွာဖြစ်နေပါစေ
        နင် ကျေနပ်လို့  ထားခဲ့မယ်ဆိုရင်
       မင်းရဲ့  တစ်ဖက်ခြမ်းကနေ
       တန်ရာက ပဲပြုံးနေပါ့မယ်...။
*     ပြန်လာခဲ့ပါလို့  မတိုက်တွန်းချင်တော့ပေမဲ့
       မင်းအတွက် ငါ့ရင်ထဲမှာ
      တစ်နေရာ စာတော့ ကျန်နေဆဲပါ ချစ်သူရယ်....။
                                                                         မျောက်ကလေး
နင်ပျော်ရင်ပြီးတာပဲ
*     ပျော်ရဲ့ လားချစ်သူ...
       ဒီလူကို လျစ်လျုရှုလို့ 
       ချစ်သူအဖြစ်တွဲဖို့ ရေးကို
       မ၀ံ့မရဲနဲ့  တွန်တွဲရှိနေတဲ့ မင်းရဲ့ စိတ်က
       ငါ့အပေါ်မှာ သံသယ တွေ စိုးမိုးနေရင်တော့.....။
*     မင်းအလေးမထားတတ်တဲ့ ငါ့ရဲ့ အချစ်ကို
       ဘေးစကားတွေ ယုံစားပြီး
       တစ်သက်လုံး မုန်းသွားမယ်ဆိုရင်တော့...
      ငါ့ရဲ့  အပြုံးစကားတွေကို မင်းနှလုံးသားက
      တစ်သက်တာ ကြားသွားရရှာမှာ မဟုတ်ဘူး....။
*    ဒါတွေကို မင်းကျေနပ်နေတယ် မလား..?
*     ပျော်ပါစေချစ်သူရယ်.....
       နင်ပျော်ဖို့ ကို ရှေ့ တန်းတင်ပြီး
      ငါ့ အသွေး ၊ အသားတွေ စတေးလို့ 
      ဟိုး...အဝေးမှာ ထားမယ်ဆိုရင်တောင်
      မယောင်မလည် ဘောင်ကျယ်ကျယ်
       နင်ထင်တဲ့ သံယောဇဉ်အပြည့်နဲ့ ပဲ
       ငါတစ်ယောက်တည်း တိတ်တဆိတ်နဲ့ 
       အဝေးကနေ ကြေကွဲနေပါတော့မယ်......။
                                                              မျောက်ကလေး
Friday, January 20, 2012
တို့ တော အလှ
   ရွာဦးကျောင်းက အုန်းမောင်းခေါက်သံ.....
( တောက်...တောက်...တောက်...တောက် )
 နံနက်စောစော ရွာဦးကျောင်းက အုန်းမောင်းခေါက်သံ နဲ့ ကြေးစည်သံတို့ က
ကာလ အပိုင်းခြား ကန့် သတ်မထားဘဲ
တောင်သူဦးကြီး သူ့ ဇနီးနဲ့ 
မြစ်ထဲ ချောင်းထဲ လယ်တောထဲမှာ ၀မ်းစာရှာသူ...
ဈေးချို ဈေးသည် တံငါသည်ပါမကျန်
လုပ်ငန်းခွင်ကို ၀င်ဖို့ ရန် အချက်ပေးသံက
ရွာဦးကျောင်းက အုန်းမောင်းသံ နဲ့ ကြေးစည်သံတို့ က
လှုံ့ ဆော်ပေးနေကျ ပါ....။    ။
နေ၀န်းနီနီ အရှေ့ ဝန်းဆီမှ
ရွှေရောက်လိုတောက်ပ ၀င်းပပနဲ့ 
ခွဲဖြာကျလာ တို့ တောတန်းရဲ့  တစ်ထောင့်တစ်နေရာစီမှာ.....။   ။
ထိုချိန်ကစပြီး....
တောဓလေ့  နေ့ တစ်နေ့ ရဲ့  ကြိုးပမ်းမှု့ နဲ့  ကြည်နူးဖွယ်ရာ...
အာရုံနံနက် အရောက်ထွက်လို့ 
ကြက်ဖတွန်ကြူး ပျော်ရွှင်မြူး၍
အော်ကာတီတွတ် တအွတ်အွတ်နဲ့ 
စုပေါင်းတေးဆို ဌက်မျိုးစုံတို့ 
နေရာမျိုးစုံ အဖုံဖုံ
မြူးတူးပျံဝဲ တသဲသဲ။     ။
တမာမကျီး သရက်သီနဲ့ 
အုန်းထန်းကုက္ကို ပင်မျိုးစုံတို့ 
လေသံဖြူးဖြူး တလူးလူးနဲ့ 
ငြိမ်းညောင်းသာယာ တို့ မြန်မာပြည်မှာ
စိုပြည် စိမ်းလန်း တို့ တောတန်းပဲ။    ။
စိမ့်စမ်းရေချို မြစ်မျိုးစုံမှ
ခွဲဖြာဝေဆင်း မြစ်ချောင်းအင်းကြား
လှေငယ်သဘောင်္ တသောသောနဲ့ 
သွားလာလှုပ်ရှား လူအများတို့ 
လယ်ယာရှု့ ခင်း ရှု့ မငြီးနိုင်တဲ့ 
တို့ များဌာနေ မွေးရပ်မြေကို
နှစ်ရှည်လများ ဝေးကွာသော်ငြား
ရင်မှာမမေ့  တို့ တောဓလေ့ကို
သာယာလှပ သဘာဝက ပေးစွမ်းဂုဏ်ရည်
တို့ တောမှာပဲ တည်။   ။
ဧရာဝတီ ဆည်းဆာပန်းချီ။     ။
မျောက်ကလေး