Wednesday, February 15, 2012
"HAPPY VALENTINE DAY "
တစ်ကြိမ်တစ်ခါတော့ ရောက်လာခဲ့ပြန်ရောက်ပေါ့
" ချစ်သူ" တိုင်းအတွက် အထိမ်းအမှတ်နဲ့ 
" Valentine Day " ရယ်လို့ 
နေ့ တစ်နေ့ ပေးထားကြရာ
ဘယ်အကြိမ်မြောက်ဆိုတာ တော့ ငါမသိရပေမဲ့
ငါ့အဖို့ တော့ ပထမဆုံးအကြိမ် ပါဝင်ခွင့် ရခဲ့ပါပြီ ....
" Happy Valentine Day " ပါ  "ချစ်သူ...."
"သစ္စာ "တွေ တိုင်စရာမလို ပဲ
" မေတ္တာ" တွေနဲ့ ခိုင်နေတဲ့
ငါ့ ရင်ထဲက " ချစ်ခြင်းတရား " တွေကို အသာထားလို့ 
" Valentine Day " လေးကို သက်သေပြုပြီး
" နှင်းဆီ ပန်းကလေး"တွေနဲ့  တိုင်တည်ခွင့်ပြုပါ
" ငါ မင်းကို သိပ်...ချစ်ပါတယ်...။"
ငါ့ မျက်ဝန်းတစ်စုံ တောင်ပံ့ခပ်လို့ 
လျှက်တပြတ် အတွင်း
တစ်ချက်ကလေး မှိတ်မိခဲ့ရင်တောင်
ငါ့ အတွက် အသက် တစ်ရက် ပိုရှည်လာမယ်ဆိုရင်
နေပါစေ...
မင်းကို မျက်စိအောက်က ပျောက်မခံနိုင်တာမို့ 
ငါ့ အသက် တစ်ရက် ပိုတိုသွားပါစေ...
တစ်စိမ့်စိမ့်လေး ကြည့်နေချင်သူ တစ်ယောက်ပါ...
မင်းဆက်လျှောက်မယ့် လမ်း ဆူးခင်းနေပါစေ
မင်း နဲ့  အတူ စုံလက်တွဲလို့ (လက်ကလေးတော့ ကိုင်ခွင့်ပြုပေါ့..:P )
ရင်ကိုကော့လို့ ၊ ခေါင်းကို မော့ကာ
ကန္တာရ လမ်းပါ ဖြတ်ရဲပါတယ် ချစ်သူရယ်...
မင်း အနားမှ တစ်ဖ၀ါးမှ မခွါချင်သူ တစ်ယောက်ပါ ...။
 " ငါ မင်း ကို သိပ်..ချစ်ပါတယ် ... "
1 comment:
  1. အစ်ကို ကျွန်တော်ကိုကူညီပါလား
    ဝက်ဆိုက် အသစ်ထောင်ချင်လို့ ကူညီပါလား ကူညီမယ်ဆိုရင် ttcfighter2012@gmail.com ကိုမေးပို့ပါအစ်ကို
    ReplyDelete