Wednesday, March 14, 2012
အမေ ပေးသော မွေးနေ့ လက်ဆောင်
အမေ မွေးလို့  လူ့ လောက လည်မှာ
ကျင်လည်ခွင့် ရတဲ့တာ
 ဒီကနေ့ ဟာ  ရက်ပေါင်း ၇၈၆၀ တိခဲ့ပါပြီ…
အမေ့ နှုတ်ကပြောသော စကား
သားတွက် မမေ့သောအား
HAPPYBIRTHDAY ပါ ငါ့သား တဲ့…။
အို ..အမေရယ်…
ပြိုလဲမယ့် ကောင်းကင်ကြီးကိုတောင် အမေအံတုလို့ 
ဘာရယ် မသိသေးသော မျှော်လင့်ချက်နဲ့ 
အနာဂတ်တွက် အသက်ဆက်ဖို့ 
အမေကြိုးစား ၊ သားကို မွေးဖွားလာခဲ့တာပဲ…။
မရဏ မင်းနဲ့  စစ်ခင်းရာ
ချစ်ခြင်းပြိုင်ခဲ့တာ ၊ အမေသာ နိုင်ခဲ့လို့ 
အူဝဲသံကြား အမေ့ အားတွေ ပိုတိုးပွါးလို့ 
ဒါဟာ ငါ့သား ပျော်ရွှင်မှုများနဲ့ 
“Oh! …  Yes ‘’ ဆိုပြီး
ထမခုန် ရုံ တမယ်
အမေ့ နှလုံးသားဝယ်  ပီတိတွေ ကြွယ်နေမယ် ဆိုတာ
သားမှန်းဆနိုင်ပါတယ် အမေရယ်…။
အမေ့ ကျေးဇူးတွေ ကမ္ဘာတည်လို့ 
တပြေတရွာ ဆီမှာ အသပြာကိုသာ
အမေ့ ရင်ခွင်မှာ ခိုမနားနိုင်ပေမယ့်
အမေ ရှိရာ အရပ်သို့  ဦးခိုက်လို့ 
မှန်းဆ ၊ လွမ်းတမျှမျှ နဲ့ တမ်းတကာ
အမေ့ ရဲ့ သားငယ် ဆုတောင်းပေးလိုက်ပါတယ်
အစဉ်ထာဝရ ကျန်းမာပါစေ  
အမေရယ်…။                       ။
                     By : မျောက်လေး 
No comments:
Post a Comment