Sunday, February 12, 2012

ဖြေသိမ့်လိုက်ပါ ချစ်သူရယ်...



ဝေးကွာနေတဲ့ ငါတို့ နှစ်ယောက်ကြားမှာ
ပျော်ရွှင်မှုဆိုတာ မရှိပေမို့ 
ကိုယ်ပိုင်ပျော်ရွှင်မှုလေးကို ပဲဖန်တီးယူလို့ 
လွမ်းရက်လေးတွေကို
ခေတ္တ ဖြေသိမ့်လိုက်ပါ ချစ်သူရယ် နော်...။    ။
ငါ့ ကိုလွမ်းလို့  မင်းသတိရတဲ့ အခါ
နှစ်ယောက်အတူ ထားခဲ့တဲ့ ဂတိစကားတွေကို
ပြန်ကြားယောင်မိလို့ 
မင်းရဲ့ လွမ်းဆွတ်မှုတွေကို
ခေတ္တ ဖြေသိမ့်လိုက်ပါ ချစ်သူရယ်နော်...။    ။
ငါ့ကို တမ်းတလို့  မင်းအနားမှာ နေရာပေးချင်မိတဲ့အခါ
ငါ့ရဲ့ ကိုယ်စား ကိုယ်ပွါးလေးက
မင်းနဲ့ အတူရှိနေပြီမို့ 
မင်းရဲ့  တမ်းတမှုတွေကို
ခေတ္တ ဖြေသိမ့်လိုက်ပါ ချစ်သူရယ်နော်...။    ။
တစ်နေ ကုန်လို့ တစ်ရက်ကူးတိုင်း
မျှော်နေမိတာ တွေ့ နေကျ သောကြာ နေ့ လေးမို့ 
မျှော်လင့်ခြင်းတွေနဲ့  အသက်ရှင်လို့ 
ခေတ္တ ဖြေသိမ့်လိုက်ပါ ချစ်သူရယ်နော်...။      ။
တစ်နေ့ တော့ ငါ မင်းဆီကို အရောက် ၊ အပြေးလေး
လှမ်းလာခဲ့မှာ ချစ်သူရယ်နော်...။






                                                                                       မျောက်ကလေး

No comments:

Post a Comment