လွင်ကိုလတ် ၏ အတွေးကမ္ဘာ
Monday, April 30, 2012
အကြင်နာ မဲ့ အဆိပ်ခွက်
အချစ်ကို ကစား စရာတစ်လို
ငါ့ရင်ဘက်ပေါ်မှာ ကမ္ဖည်းထိုးပေးခဲ့ပြီး
နှုတ်ဆက်ခဲ့တဲ့ မင်းအပြုံးတစ်ချက်နဲ့ 
ငါ ငိုဖို့ တွက် ဒီရင်က စုန်ကန်ထွက်ခဲ့တာပဲ ...။
မင်းမချစ်ရင် ထွက်သွားလိုက်ပါ
ငါ့ကို မုန်းမေ့ ဖို့ တော့ မပြောလို ပါနဲ့ 
ကျန်နေခဲ့တဲ့ ငါ့မှာ
ဒီအလွမ်းတွေနဲ့ အသက် ဆက်ရှင်ခွင့်ပြုပါ...။
မင်းထားခဲ့တဲ့ အလွမ်းတွေကို
မင်းပေးဖူးတဲ့ အနမ်းတွေနဲ့ ပေါင်းစပ်လို့ 
ငါ့ဘ၀ ကို ဆက်တည်ခွင့် ပြုပါ...။
ရုပ်ရှင်တွေ ဗီဒီယို ထဲကလို့ 
နောက်ပြန်ရစ်လို့ ရရင်
တစ်ခေါက်ပြန်ပြီးရွှေ့ လို့ 
ငါ့နှလုံးသား ကို မင်း မြင်အောင် ကြည့်စေချင်လိုက်တာ...
ခုတော့
အကြင်နာ မပါတဲ့ စကားလုံးတွေနဲ့ 
အတုယောင်တွေ ဖမ်ြးုပီး
ပြုစား ရက်နိုင်တဲ့ မင်းအစွမ်းအစ
ငါ့ရင်ဘက်ပေါ် နင်းတတ်ခဲ့တာ
အခုတော့
ကျန်နေခဲ့တဲ့  မင်းခြေရာတွေနဲ့ ပဲ
ငါ့ ဘ၀ ရပ်တည်ခွင့်ပြုပါတော့ကွာ...။
ငါ့ရင်ဘက်ပေါ်မှာ ကမ္ဖည်းထိုးပေးခဲ့ပြီး
နှုတ်ဆက်ခဲ့တဲ့ မင်းအပြုံးတစ်ချက်နဲ့ 
ငါ ငိုဖို့ တွက် ဒီရင်က စုန်ကန်ထွက်ခဲ့တာပဲ ...။
မင်းမချစ်ရင် ထွက်သွားလိုက်ပါ
ငါ့ကို မုန်းမေ့ ဖို့ တော့ မပြောလို ပါနဲ့ 
ကျန်နေခဲ့တဲ့ ငါ့မှာ
ဒီအလွမ်းတွေနဲ့ အသက် ဆက်ရှင်ခွင့်ပြုပါ...။
မင်းထားခဲ့တဲ့ အလွမ်းတွေကို
မင်းပေးဖူးတဲ့ အနမ်းတွေနဲ့ ပေါင်းစပ်လို့ 
ငါ့ဘ၀ ကို ဆက်တည်ခွင့် ပြုပါ...။
ရုပ်ရှင်တွေ ဗီဒီယို ထဲကလို့ 
နောက်ပြန်ရစ်လို့ ရရင်
တစ်ခေါက်ပြန်ပြီးရွှေ့ လို့ 
ငါ့နှလုံးသား ကို မင်း မြင်အောင် ကြည့်စေချင်လိုက်တာ...
ခုတော့
အကြင်နာ မပါတဲ့ စကားလုံးတွေနဲ့ 
အတုယောင်တွေ ဖမ်ြးုပီး
ပြုစား ရက်နိုင်တဲ့ မင်းအစွမ်းအစ
ငါ့ရင်ဘက်ပေါ် နင်းတတ်ခဲ့တာ
အခုတော့
ကျန်နေခဲ့တဲ့  မင်းခြေရာတွေနဲ့ ပဲ
ငါ့ ဘ၀ ရပ်တည်ခွင့်ပြုပါတော့ကွာ...။
Sunday, April 15, 2012
ယုံမှာလား...?
ပျော်အောင် ကြိုးစားနေရင်း ငါ့ရင်ဘတ်တွေကတော့
အခုထိ နာကျင်နေဆဲပဲ ကွာ...
အတိတ်ညတွေကို တွေးပြီး မဆွေးချင်ပေမဲ့
အခုတော့...
ငါ့အလှည့်များရောက်လာပြီလားလို့  တွေးနေမိတယ်...။
" လွမ်းလို့ မသေနိုင်ပေမယ့်
သေလောက် အောင် လွမ်းတယ် " ဆိုတာက
ဒီတစ်ခါတော့
ငါ့အလှည့်ရောက်လာခဲ့ပြီ ချစ်သူရေ ...။
မင်းကို တမ်းတခဲ့ရတဲ့ ရက်တွေ
ကျန်နေတဲ့ အလွမ်းညတွေ
အမြန်ဆုံး ကုန်ဆုံးစေချင်ပြီး
မင်း ရဲ့ အနီးဆုံးတစ်ထောင့်တစ်နေရာဆီမှာ
နေရာ အတည်တကျ ယူချင်ပြီ ချစ်သူရယ်...။
မင်း အမြန်ဆုံး ပြန်လာခဲ့ပါတော့နော်...။
ငါ့အခု မင်းထားခဲ့တဲ့ နေရာလေးမှာ
ခြေစုံရပ်လို့  မင်းပြန်လာမယ့်နေ့ ကို စောင်းရင်း
မင်း ရှိရာ အရပ်ကို မျှော်လင့်နေသူပါ ချစ်သူရယ်...
မင်း အမြန်ဆုံး ပြန်လာခဲ့ပ်ါတော့နော်...။
By : မျောက်ကလေ
Thursday, March 29, 2012
မြတ်နိုးစွာ...
အချစ်နဲ့ ပတ်သက်ရင် တသက်မှာ တခါပဲချစ်ဖူးတယ်...။
ချစ်သူ ဟာ ညဆိုရင်
ကိုယ် က ကြယ်ကလေးဖြစ်ပါရစေ...
ချစ်သူဟာ နေ့ဆိုရင်
ကောင်းကင်ပြာ က ကိုယ် ဖြစ်ပါရစေ...
ချစ်သူဟာ ကိုယ့် ရဲ့ဘဝဆိုရင်
ချစ်သူအတွက် ထာဝရ ကိုယ် ဖြစ်ပါရစေ...
အချစ်ရဲ့မာယာတွေက ကိုယ့် ကိုဖျားယောင်းစေတယ်...။
အချစ်ဟာ ပူလောင်စေတဲ့ အရာဆိုရင်
ကိုယ့်ရဲ့  မေတ္တာတွေနဲ့ အေးမြစေမယ်...
အချစ်ဟာ အေးခဲစေတဲ့အရာဆိုရင်
ကိုယ့်ရဲ့ အကြင်နာတွေနဲ့ နွေးထွေးစေမယ်...
အချစ်ဟာ ကြမ်းတမ်းစေတဲ့အရာဆိုရင်
ကိုယ့်ရဲ့ ဂရုဏာတွေနဲ့ နူးညံ့စေမယ်...
အချစ်ဟာ ဖောက်ပြန်စေတဲ့အရာဆိုရင်
ကိုယ်ရဲ့ သစ္စာတွေနဲ့ ထိန်းချုပ်ထားမယ်...
အချစ်ဟာ ရင်ခုန်စေတဲ့အရာဆိုရင်
ချစ်သူရေ....
မင်းရဲ့မျက်ဝန်းညိုညိုတွေကို ခနလောက်မှေးစက်ထားပေးပါ
ကိုယ် မင်းကို မြတ်နိုးစွာ xxx ထွေးပွေ့ချင်လို့ပါ....။

Wednesday, March 14, 2012
အမေ ပေးသော မွေးနေ့ လက်ဆောင်
အမေ မွေးလို
့ လူ့ လောက လည်မှာ
ကျင်လည်ခွင်
့ရတဲ့တာ
ဒီကနေ့ ဟာ
ရက်ပေါင်း ၇၈၆၀ တိခဲ့ပါပြီ…
အမေ့ နှုတ်ကပြောသော
စကား
သားတွက် မမေ့သောအား
HAPPYBIRTHDAY
ပါ ငါ့သား တဲ့…။
အို ..အမေရယ်…
ပြိုလဲမယ့်
ကောင်းကင်ကြီးကိုတောင် အမေအံတုလို့ 
ဘာရယ် မသိသေးသော
မျှော်လင့်ချက်နဲ့ 
အနာဂတ်တွက်
အသက်ဆက်ဖို့ 
အမေကြိုးစား
၊ သားကို မွေးဖွားလာခဲ့တာပဲ…။
မရဏ မင်းနဲ
့ စစ်ခင်းရာ
ချစ်ခြင်းပြိုင်ခဲ့တာ
၊ အမေသာ နိုင်ခဲ့လို့ 
အူဝဲသံကြား
အမေ့ အားတွေ ပိုတိုးပွါးလို့ 
ဒါဟာ ငါ့သား
ပျော်ရွှင်မှုများနဲ့ 
“Oh! … Yes ‘’ ဆိုပြီး
ထမခုန် ရုံ
တမယ်
အမေ့ နှလုံးသားဝယ် ပီတိတွေ ကြွယ်နေမယ် ဆိုတာ
သားမှန်းဆနိုင်ပါတယ်
အမေရယ်…။
အမေ့ ကျေးဇူးတွေ
ကမ္ဘာတည်လို့ 
တပြေတရွာ
ဆီမှာ အသပြာကိုသာ
မက်နေသော
အမေ့ရဲ့ သား
အမေ့ ရင်ခွင်မှာ
ခိုမနားနိုင်ပေမယ့်
အမေ ရှိရာ
အရပ်သို့  ဦးခိုက်လို့ 
မှန်းဆ ၊
လွမ်းတမျှမျှ နဲ့ တမ်းတကာ
အမေ့ ရဲ့  သားငယ် ဆုတောင်းပေးလိုက်ပါတယ်
အစဉ်ထာဝရ
ကျန်းမာပါစေ
အမေရယ်…။ ။
အမေရယ်…။ ။
Subscribe to:
Posts (Atom)