Thursday, March 29, 2012

မြတ်နိုးစွာ...

ပိတောက်မှသာ တနှစ်မှာ တခါပွင့်တာ မဟုတ်ပါဘူး
အချစ်နဲ့ ပတ်သက်ရင် တသက်မှာ တခါပဲချစ်ဖူးတယ်...။

ချစ်သူ ဟာ ညဆိုရင်
ကိုယ် က ကြယ်ကလေးဖြစ်ပါရစေ...

ချစ်သူဟာ နေ့ဆိုရင်
ကောင်းကင်ပြာ က ကိုယ် ဖြစ်ပါရစေ...

ချစ်သူဟာ ကိုယ့် ရဲ့ဘဝဆိုရင်
ချစ်သူအတွက် ထာဝရ ကိုယ် ဖြစ်ပါရစေ...
အချစ်ရဲ့မာယာတွေက ကိုယ့် ကိုဖျားယောင်းစေတယ်...။

အချစ်ဟာ ပူလောင်စေတဲ့ အရာဆိုရင်
ကိုယ့်ရဲ့  မေတ္တာတွေနဲ့ အေးမြစေမယ်...

အချစ်ဟာ အေးခဲစေတဲ့အရာဆိုရင်
ကိုယ့်ရဲ့ အကြင်နာတွေနဲ့ နွေးထွေးစေမယ်...

အချစ်ဟာ ကြမ်းတမ်းစေတဲ့အရာဆိုရင်
ကိုယ့်ရဲ့ ဂရုဏာတွေနဲ့ နူးညံ့စေမယ်...

အချစ်ဟာ ဖောက်ပြန်စေတဲ့အရာဆိုရင်
ကိုယ်ရဲ့ သစ္စာတွေနဲ့ ထိန်းချုပ်ထားမယ်...


အချစ်ဟာ ရင်ခုန်စေတဲ့အရာဆိုရင်
ချစ်သူရေ....
မင်းရဲ့မျက်ဝန်းညိုညိုတွေကို ခနလောက်မှေးစက်ထားပေးပါ
ကိုယ်  မင်းကို မြတ်နိုးစွာ xxx ထွေးပွေ့ချင်လို့ပါ....။



 


No comments:

Post a Comment