Sunday, April 15, 2012
ယုံမှာလား...?
ပျော်အောင် ကြိုးစားနေရင်း   ငါ့ရင်ဘတ်တွေကတော့
အခုထိ နာကျင်နေဆဲပဲ ကွာ...
အတိတ်ညတွေကို တွေးပြီး မဆွေးချင်ပေမဲ့
အခုတော့...
ငါ့အလှည့်များရောက်လာပြီလားလို့  တွေးနေမိတယ်...။
" လွမ်းလို့ မသေနိုင်ပေမယ့်
  သေလောက် အောင် လွမ်းတယ် " ဆိုတာက
ဒီတစ်ခါတော့
ငါ့အလှည့်ရောက်လာခဲ့ပြီ ချစ်သူရေ ...။
မင်းကို တမ်းတခဲ့ရတဲ့ ရက်တွေ
ကျန်နေတဲ့ အလွမ်းညတွေ
အမြန်ဆုံး ကုန်ဆုံးစေချင်ပြီး
မင်း ရဲ့ အနီးဆုံးတစ်ထောင့်တစ်နေရာဆီမှာ
နေရာ အတည်တကျ ယူချင်ပြီ ချစ်သူရယ်...။
မင်း အမြန်ဆုံး ပြန်လာခဲ့ပါတော့နော်...။
ငါ့အခု မင်းထားခဲ့တဲ့ နေရာလေးမှာ
ခြေစုံရပ်လို့  မင်းပြန်လာမယ့်နေ့ ကို စောင်းရင်း
မင်း ရှိရာ အရပ်ကို မျှော်လင့်နေသူပါ ချစ်သူရယ်...
မင်း အမြန်ဆုံး ပြန်လာခဲ့ပ်ါတော့နော်...။
                                                   By : မျောက်ကလေ
No comments:
Post a Comment