Wednesday, February 15, 2012
"HAPPY VALENTINE DAY "
တစ်ကြိမ်တစ်ခါတော့ ရောက်လာခဲ့ပြန်ရောက်ပေါ့
" ချစ်သူ" တိုင်းအတွက် အထိမ်းအမှတ်နဲ့ 
" Valentine Day " ရယ်လို့ 
နေ့ တစ်နေ့ ပေးထားကြရာ
ဘယ်အကြိမ်မြောက်ဆိုတာ တော့ ငါမသိရပေမဲ့
ငါ့အဖို့ တော့ ပထမဆုံးအကြိမ် ပါဝင်ခွင့် ရခဲ့ပါပြီ ....
" Happy Valentine Day " ပါ  "ချစ်သူ...."
"သစ္စာ "တွေ တိုင်စရာမလို ပဲ
" မေတ္တာ" တွေနဲ့ ခိုင်နေတဲ့
ငါ့ ရင်ထဲက " ချစ်ခြင်းတရား " တွေကို အသာထားလို့ 
" Valentine Day " လေးကို သက်သေပြုပြီး
" နှင်းဆီ ပန်းကလေး"တွေနဲ့  တိုင်တည်ခွင့်ပြုပါ
" ငါ မင်းကို သိပ်...ချစ်ပါတယ်...။"
ငါ့ မျက်ဝန်းတစ်စုံ တောင်ပံ့ခပ်လို့ 
လျှက်တပြတ် အတွင်း
တစ်ချက်ကလေး မှိတ်မိခဲ့ရင်တောင်
ငါ့ အတွက် အသက် တစ်ရက် ပိုရှည်လာမယ်ဆိုရင်
နေပါစေ...
မင်းကို မျက်စိအောက်က ပျောက်မခံနိုင်တာမို့ 
ငါ့ အသက် တစ်ရက် ပိုတိုသွားပါစေ...
တစ်စိမ့်စိမ့်လေး ကြည့်နေချင်သူ တစ်ယောက်ပါ...
မင်းဆက်လျှောက်မယ့် လမ်း ဆူးခင်းနေပါစေ
မင်း နဲ့  အတူ စုံလက်တွဲလို့ (လက်ကလေးတော့ ကိုင်ခွင့်ပြုပေါ့..:P )
ရင်ကိုကော့လို့ ၊ ခေါင်းကို မော့ကာ
ကန္တာရ လမ်းပါ ဖြတ်ရဲပါတယ် ချစ်သူရယ်...
မင်း အနားမှ တစ်ဖ၀ါးမှ မခွါချင်သူ တစ်ယောက်ပါ ...။
 " ငါ မင်း ကို သိပ်..ချစ်ပါတယ် ... "
Sunday, February 12, 2012
ဖြေသိမ့်လိုက်ပါ ချစ်သူရယ်...
ဝေးကွာနေတဲ့ ငါတို့ နှစ်ယောက်ကြားမှာ
ပျော်ရွှင်မှုဆိုတာ မရှိပေမို့ 
ကိုယ်ပိုင်ပျော်ရွှင်မှုလေးကို ပဲဖန်တီးယူလို့ 
လွမ်းရက်လေးတွေကို
ခေတ္တ ဖြေသိမ့်လိုက်ပါ ချစ်သူရယ် နော်...။    ။
ငါ့ ကိုလွမ်းလို့  မင်းသတိရတဲ့ အခါ
နှစ်ယောက်အတူ ထားခဲ့တဲ့ ဂတိစကားတွေကို
ပြန်ကြားယောင်မိလို့ 
မင်းရဲ့ လွမ်းဆွတ်မှုတွေကို
ခေတ္တ ဖြေသိမ့်လိုက်ပါ ချစ်သူရယ်နော်...။    ။
ငါ့ကို တမ်းတလို့  မင်းအနားမှာ နေရာပေးချင်မိတဲ့အခါ
ငါ့ရဲ့ ကိုယ်စား ကိုယ်ပွါးလေးက
မင်းနဲ့ အတူရှိနေပြီမို့ 
မင်းရဲ့  တမ်းတမှုတွေကို
ခေတ္တ ဖြေသိမ့်လိုက်ပါ ချစ်သူရယ်နော်...။    ။
တစ်နေ ကုန်လို့ တစ်ရက်ကူးတိုင်း
မျှော်နေမိတာ တွေ့ နေကျ သောကြာ နေ့ လေးမို့ 
မျှော်လင့်ခြင်းတွေနဲ့  အသက်ရှင်လို့ 
ခေတ္တ ဖြေသိမ့်လိုက်ပါ ချစ်သူရယ်နော်...။      ။
တစ်နေ့ တော့ ငါ မင်းဆီကို အရောက် ၊ အပြေးလေး
လှမ်းလာခဲ့မှာ ချစ်သူရယ်နော်...။
                                                                                       မျောက်ကလေး
Friday, February 3, 2012
အမေနဲ့ ချစ်ရပါသော မိန်ကလေး
အမေကငါ့ကိုမွေးဖွားတယ်
လူပုံအလယ်မှာ မျက်နှာမငယ်အောင် ကျွေးထားတယ်
မေတ္တာ ဂရုဏာ အရင်းတည်
ပေးဆပ်ပြီးတော့  စောင့်ရှောက်တယ်
လောကတိုက်ပွဲ
ကျရှုံးတဲ့အခါ အားပေးတယ်
အောင်မြင်တဲ့အခါ ငါနဲ့ထပ်တူ
ဝမ်းမြောက်တယ်
လူတွေနဲ့ပေါင်းသင်းဆက်ဆံ
လောကဒဏ်ရဲ့ မနက်ဖြန်အတွက်
ယဉ်ကျေးလိမ္မာ သားရတနာဖြစ်အောင်
ဆုံးမလို့ သွန်သင်
ဥာဏ်အမျှော်အမြင်နဲ့
ဘ၀တစ်လျှောက်လမ်းမပျောက်အောင်
ပဲ့ပြင်ထိန်းသိမ်း လမ်းပြပေးခဲ့တာ
ငါ့ရဲ့မွေးသမိခင်  ကျေးဇူးရှင်..............................
အချိန်တန်အရွယ်ရောက်ရင်
ရင်ခုန်သံမြန်ဆန်လာတာသဘာဝပဲမို့
ငါလည်းနင့်ကိုရူးရူးမူးမူးချစ်ခဲ့ဖူးတယ်
ငါချစ်တဲ့မိန်ကလေး
နင်ကြောင့်ငါဟာ လူဆိုးလူမိုက်ဖြစ်ဖို့
အစဉ်တစ်စိုက် ကြိုးစားနေမိပြီ
နင်နဲ့ငါပဋိပက္ခတွေနဲ့ရန်တွေဖြစ်တိုင်း
ငါ့စိတ်တွေကအလိုလို
ရှုးရှုးဒိုင်းဒိုင်းနဲ့   အရူးမီးဝိုင်းသလို ဖြစ်ခဲ့ရတယ်
နင့်ကိုငါက အရမ်းချစ်တော့ သ၀န်တွေလည်းတိုခဲ့မိပေါ့
နင့်ဘေးမှာငါမဟုတ်တဲ့တစ်ခြားကောင်နဲ့
ဖော်ဖော်ရွေရွေ ပြုံးရွှင်နေရင်
ဒေါသတွေလည်းထွက်ခဲ့ဖူးတယ်
နင့်ကြောင့်ငါ  စိတ်ညစ်တဲ့အခါ
သေရည်သေရက် သောက်သုံးဖူးတယ်
လူတွေနဲ့လည်း အဆင်မပြေ
အမြင်တွေကလည်း မတူညီလေတော့
လောကကြီးနဲ့ငါ တစ်စိမ်းတစ်ရံ  ဖြစ်ခဲ့ပြီပေါ့
မိန်းကလေးဒါတွေအားလုံးဟာမင်းကြောင့်လို့   မစွပ်စွဲရက်ပေမဲ့
မင်းနဲ့ပတ်သတ်ပြီး  အချစ်ရဲ့ရလဒ်တွေပါပဲ
အမေက  အနှစ်နှစ်ဆယ်လုံးလုံးသွန်သင်ဆုံးမ
နည်းလမ်းတွေပြ ဘ၀ရပ်တည်ရေး ပညာ တွေလည်းသင်ပေးခဲ့တယ်
မိန်းကလေးမင်းကတော့   မိနစ် နှစ်ဆယ်အတွင်း
ငါ့ကိုလူဆိုးလူမိုက်ဖြစ်အောင်  တွန်းပို့နိုင်တယ်
မိခင်မေတ္တာနဲ့  ချစ်သူချစ်တာ မနှိုင်းကောင်းတာ
ဒါကြောင့်  ထင်ပါရဲ့...........................။။။။။